Skip to main content

မင်းကိုငါမသိ အသဲညှိတခဏအကြည့်(အချစ်ကဗျာ-၁)

 မင်းကိုငါမသိ အသဲညှိတခဏအကြည့်


ရုတ်တရပ်မြင်လို့ ချစ်မယ်ဟန်ပြင်
တိမ်ပင်မဆင် ရွာချလိုက်တဲ့မိုးရယ်
ကြည့်လို့ပင်မ၀ မိုးကရက်စက်
ဒီကံကြမ္မာ ဒီသံသရာ
င်္ဒီအချိန်က မြန်လိုက်ပါဘိ
မျက်နှာဝိုင်းနှင့် အကြည့်ကအေးစက်
မပွင့်တစ်ပွင့်ပြုံးတဲ့ မိန်းခလေးတစ်ယောက်ကို
ငါ့ရှေ့က ရုတ်သိမ်း
အချိန်ဒီရေလှိုင်းက ကလာကာချလို့
မျက်လွှာချပြီး ငါရှေ့ကထွက်သွားတဲ့
မိန်းခလေးရယ် ------------
မင်းလည်းမိုးပဲ ငါ့ရဲ့အသဲနှလုံးအိမ်ကို
မင်းအကြည့်တွေနဲ့ ထိုးဖောက်မွှေနှောက်
နှောင်းတွေဖွဲ့လို့  ရစ်ပတ်ချည်နှောင်းပြီးမှ
နုတ်ပင်မဆက် ထွက်သွားရက်တယ်
ကျွန်တော်မသိသော် .... အလှပိုင်ရှင်ရယ် 
 

Comments

Other news

တက္ကသိုလ်​၀င်​တန်း​အောင်​စာရင်းကိုအွန်​လိုင်းမှတိုက်​ရိုက်​ကြည့်​ရူနိုင်​ပါပြီ

ပညာ​ရေးဦးစီးဌာနမြန်​မာနိုင်​ငံစာစစ်​အဖွဲ့မှ ၂၀၁၄ခုနုစ်​(၇-၆-၂၀၁၄)(စ​နေ​နေ့)နံနက်​တွင်​ထွက်​ရှိမည့်​​အောင်​စာရင်းကိုအွန်​လိုင်းမှတိုက်​ရိုက်​ကြည့်​ရ...

သူငယ်ချင်း

သွေးသားမတော် မသိသော်လည်း ဘ၀တစ်ကွေ့ ဆုံတွေ့သောခါ ဖြူစင်မေတ္တာ အနစ်နာနှင့် နွံတာခံကာ ခင်မင်ခဲ့ကြ ဤဘ၀၀ယ် နောက်ပြောင်ကျီစား စတတ်ငြားလည်း အပြုံးမပျက် မေတ္တာဖက်၍ ခွင့်လွှတ်သည်းခံ ခိုက်ရန်မပြု နားလည်မှုဖြင့် သာတူနာအမျှ နေထိုင်ကြသည် ကောင်းတူဆိုးဖက် စိတ်မကွက်ဘဲ တီးတိုးတိုင်ပင် ချစ်ခင်ရင်းနှီး စည်းလုံးပြီးလျှင် ခင်မင်ခြင်းသာ တိုးပွားလာ၍ စိတ်ဝယ်တသ မေ့မရပြီ ချစ်ခင်ရသော သူငယ်ချင်းများ….. zero

Zapya တို့ Flash တို့ လိုမျိုး Any Share ဆို တဲ့ Data Transfer လုပ်တဲ့ APK လေးပါ။

ကျွန်တော် လိုင်းပေါ်မှာ ဟိုရှာဒီရှာနဲ Any Share ဆိုတဲ့ Software လေးကိုတွေ့တာနဲ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ software အသစ် တွေစမ်းသုံးချင်သာမိတ်ဆွေများအတွက်ပေါ့ဗျာ။ ကျွန်တော်ထင်တာတော့ Andriod 4.0 အထက်ဆိုပိုအဆင်ပြေမှာပါ။ Any Share APK Download အဆင်ပြေပါစေ.. solidfiles