Skip to main content

Posts

Showing posts from November, 2014

သံဃာစော်ကားအပယ်သွားမယ့် ထင်လင်းဦး

ချောင်းဦးမြို့နယ်၊ အနိမ့်ရွာမှာ ပြု့ လုပ်တဲ့ စာပေဟောပြောပွဲမှာ NLD ပါတီဗဟိုပြန်ကြားရေးအရာရှိ ထင်လင်းဦး က သံဃာတော်တွေကို မိုက်ရိုင်းစော်ကား ပြောကြားခဲ့တယ်လို့ သိရတယ်။ထင်လင်ဦးဆိုတဲ့ နာမည်ကို စကြားဖူးတာ ၂၀၁၄ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် Politics နိုင်ငံရေးဂျာနယ်ပါ " လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေး မီးကွင်းပစ်မည့်သူများ " ဆောင်းပါးရှင်အဖြစ်ပါ။အခုတစ်ခေါက်လည်း ဦးဝိစာရပွဲအမည်ခံပြီး ဦးဝိစာရမှ အားမနာ သံဃာတော်တွေကို သူ့ ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စော်ကားပြသွားပြန်ပါတယ်။ " မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်ပါဆိုသူတွေက အဲဒီ မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာ အမှန်၊ ငါပြောတဲ့အတိုင်း လိုက်လုပ်လို့ ပြောနေတာ မှန်သလား? မှန်သလား? " လို့ပြောပါတယ်။ထင်လင်းဦး ခင်ဗျာ ဗုဒ္ဓဘာသာဖြစ်လျှက်နဲ့ သံဃာ့ဂုဏ်တော် ကိုးပါးကို သိပုံမရပါဘူး။သံဃာ့ဂုဏ်တော် ၉ ပါးမှာ ပါတဲ့ ဥဇုပ္ပဋိပန္နော ဆိုတဲ့ ဂုဏ်တော်ကို အနက်အဓိပ္ပာယ်ဖွင့်ရင် " ဖြောင့်မတ်စွာကျင့်ကြံတတ်သော သံဃာတော်မြတ် " လို့ အဓိပ္ပာယ်ရပါတယ်။ ။ဖြောင့်မတ်ခြင်းနဲ့မှန်ကန်ခြင်းဆိုတာအရေးအသားကွဲပေမယ့်အဓိပ္ပာယ်ကတော့အတူတူပါပဲ။အမ