Skip to main content

Posts

Showing posts from July, 2013

Superbox pro..apk pro-versionပါ

superbox proကသာမန်ရိုးရိုး superbox တွေထက်ရိုးရှင်းပြီးတော့သုံးရလွယ်ကူပါတယ် ရိုးရိုးsuper boxတွေကအာရုံနောက်လောက်အောင် adsတွေဝင်ဝင်လာတတ်ပါတယ်ဒီsuperboxကတော့အဲ့ဒီဘေးတွေကလွတ်ပါတယ် သုံးရတာတော်တော်အဆင်ပြေတဲ့apkလေးပါ    လိုအပ်ရင်ဒီ LINK-(1) မှာယူနှိင်ပါတယ်ခင်ဗျား  Posted via Blogaway

Shwebook Dictionary

ဒီအဘိဓာန်လေးလည်းတော်တော်အသုံးဝင်မှာပါ ဘာကြောင့်လဲဆိုတော့ကာဒီအဘိဓာန်လေးက မြန်မာလိုရော အင်္ဂလိပ်လိုပါ ကြိုက်သလိုသုံးလို့ရတယ် ဒါ့အပြင်ကိုသိချင်တဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုလည်း တရုတ်လိုအသံထွက်ပါပါသေးတယ်နော် ဟဲဟဲ ဒီထက်သိချင်ရင်သုံးကြည့်ကြပေါ့ဗျာနော့်   \_/°လိုအပ်ရင် ဒီမှာ  ယူနှိင်ကြပါတယ်ခင်ဗျား°\_/ Posted via Blogaway

Facebook pages manager apk...လေးပါ

FB Pages manager apk...လေးပါ smart phone နဲ့fb adminများသုံးနှိင်ပါပြီဒီapkလေးကကြာပါပြီ သုံးကြည့်ပါ အသုံးဝင်ပါတယ်အလွယ်တကူpost တင်နှိင်တာပေါ့ဗျာဟဲဟဲ ကဲအဆင်ပြေကြပါစေဗျာ  လိုအပ်သူများ ဒီမှာ ယူနှိင်ကြပါတယ်ဗျာ။ Posted via Blogaway Posted via Blogaway

Dr wep anti virus ဆော့ဝဲလ်လေးပါ

 virus နဲ့ adware တော်တော်များကိုသတ်ပေးတဲ့ဆော့ဝဲလ်လေးပါ smart phone တွေမှာအသုံးဝင်ပါတယ် smart phone တွေမှာရှိသင့်တဲ့ဆော့ဝဲလ်လေးပါ လိုအပ်သူများ ဒီမှာ  ယူနှိင်ကြပါတယ်ခင်ဗျား Posted via Blogaway

ဝေဖန်မှု့

Posted via Blogaway

ယောက်ျားများပြို့အန်တတ်သောမိန်းမများ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ ၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ ၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ ၄. အသားအရည် ကြမ်းတမ်းသော မိန်းမ ၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ ၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ ၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ ၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ ၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ ၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ ၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ ၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ ၁၃. အသုံးအဖြုန်းကြီးသော မိန်းမ ၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ ၁၅. သဘောထား သေးသိမ်သော မိန်းမ ၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ ၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ ၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ ၁၉. ဟာသဥာဏ် မရှိသော မိန်းမ ၂၀. မြူဆွယ်တတ်သော မိန်းမ ၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ

ဝေဖန်မှု့

ချစ်ခြင်းမုန်းခြင်းဆိုတာ ကန့်သတ်ချက်တစ်ခုပေါ်မှာ ရှိနေမယ်ဆိုရင် မချစ်တော့တာပဲကောင်းပါတယ် ဘာကြောင့်ဆိုတာ ကိုယ့်ကိုကိုပဲ စဉ်စားကြည့်ကြ ပေါ့ ********************************* ***ကာရံမဲ့အလွမ်း***

မေ့မရသူ

ကောင် မ လေး(ချစ်ခဲ့ဖူးသူတွေအတွက်)

လိမ်ညာခြင်း

အားဆေး

မှန်တိုင်းပြီးရင်တော့လေ ပြေလာစမြဲဘဲ လေ ပြေလာမှာကိုဘဲမျော်လင့်နေလို့ ဘယ်ရမလဲ မုန်တိုင်းဒဏ်ကိုလဲ ကြံ့ကြံ့ခံနှိင် ဖို့အာမွေးထားရဦးမယ်လေ ဟုတ်ဘူးလား:D ဒါပေမယ့်.......................... ခင် ဗျားကိုယ်တိုင် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနှိင် ဖို့တော့လိုတယ်နော် လူရယ်လို့ဖြစ်လာရင်                           ကြမ်းတမ်းမှုကိုတော့ခံစားရမှာပဲလေ ဘာလိုလဲဆိုတော့.......... လောကကြီးကစိတ်ပြတ်လက်လျော့ တတ်တဲ့လူတွေအတွက်နေရာပေး မထားဘူးလေ :P ***ကာရံမဲ့အလွမ်း***

ဘဝ

မိုးသောက်ချိန်

ထစ်ချုံးသံ

ကာရံမဲ့စကားလုံးများ

နင်ပျော်နှိင် ပါစေချစ်သူ ငါဆိုတဲ့ကောင် ကနင့်အတွက်တော့ အသုံးမဝင် တဲ့ compass တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ် နင့်အတွက်ငါ့ကိုငါတောင် မနားမိဘူး ဒါ့ကြောင့် နင်လည်းငါ့ကိုမသနားပါနဲ့ ငါကအသနားခံရမှာကိုအ  ကြောက်ဆုံးပဲ ဘာပဲဖြစ်ဖြစ်ငါတို့ဝေးနေတာ အကောင်းဆုံးပါပဲကွာ

တေလေ(၄)

ကျွန်တော်က တိမ်စိုင်တစ်စပါ မေမေ လေပြေညင်းလာတဲ့အခါ အသာအယာရွှေ့ လေပြင်းမွှေ့တဲ့အခါ ခပ်သုတ်သုတ်မျောပါ ဘဝမှာ သာသာယာယာ/ကဗျာကယာ....။ ကိုယ့်နာမည်ကိုစာလုံးပေါင်းတတ်ကတည်းက အပြုံးတုတစ်ခုကိုဆင်မြန်း နှလုံးသွေးခမ်းအောင်ငိုခဲ့ဖူးတယ်....။ ကျွန်တော်ဟာ လူလိမ်ပါ.... စိတ်တွေအပိုင်းပိုင်းသေနေတာတောင်မှ ပျော်ရွှင်ခြင်းတွေသာရရှိနေသယောင် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ဖူးတယ်.... ဟန်ဆောင်ခြင်းဆိုတာ ကျွန်တော်ကျွမ်းကျင်ရာ အတတ်ပညာတစ်ခုပါမေမေ...။ ဟုတ်တယ်...... သူတို့ပြောသလို... ကျွန်တော်က အရိုင်းအစိုင်းတစ်ကောင်... ခွေးလေခွေးလွင့်တစ်ကောင်လို ခြံဝကမောင်းထုတ်ခံခဲ့ရတာတောင်မှ ဟော့ဒီရင်ဘတ်က သွေးသားစိတ်မွေးနေတုန်း ကန်တော့ပန်းဆင်ဦးထိပ်တင်ဖို့ တွေးမိနေတုန်း....။ လောကဓံမုန်တိုင်း လှိုင်းကြမ်းပင်လယ်ထဲမှာ ရွက်မပါ တက်ဗလာနဲ့ ကိုယ့်ကိုယ်ကိုပြန်မျှောခဲ့တဲ့ ကောင်ပါ.... ရေနစ်သေချင်တာတောင်မှ ဝါးကူထိုးပေးမယ့်သူ တစ်ယောက်တစ်လေတောင်မရှိခဲ့ဘူး..။ မငိုပါဘူး.... ကျွန်တော် မငိုပါဘူးမေမေ.... ဖေဖေ့ရဲ့သွေးနဲ့ မေမေမွေးထုတ်ပေးခဲ့တဲ့ ကျွန်တော် ကြယ်ရင်ပြင်အောက်မှာပျော်လို့.... ကောင်းကင်ကိုထိုးဖောက် စင်္ကြာပြင်ထိခရီးရောက်စေမယ်...

ချစ်သူသို့

အမြင်အာရုံမှာ မင်းမျက်နှာ နေရာတိုင်းမှာ တွေ့ရတာ… အကြားအာရုံထဲ မင်းအသံပဲ စွဲကာနေဆဲ ယခုတိုင်လဲ… ငါ့အတွေးထဲမှာ မင်းရောက်လာ မင်းအကြောင်းတွေးကာ လွမ်းရတာ… ငါလွမ်းနေတာ မင်းကမသိ ၀င်ကြည့်လိုက်ပါ ရင်ထဲထိ… ငါ့ရင်ထဲမှာ ဘာရှိတယ် မင်းသိအောင်ကွယ် ပြောပြမယ် ငါလေမင်းကို “သိပ်ချစ်တယ်”… zero

သူငယ်ချင်း

သွေးသားမတော် မသိသော်လည်း ဘ၀တစ်ကွေ့ ဆုံတွေ့သောခါ ဖြူစင်မေတ္တာ အနစ်နာနှင့် နွံတာခံကာ ခင်မင်ခဲ့ကြ ဤဘ၀၀ယ် နောက်ပြောင်ကျီစား စတတ်ငြားလည်း အပြုံးမပျက် မေတ္တာဖက်၍ ခွင့်လွှတ်သည်းခံ ခိုက်ရန်မပြု နားလည်မှုဖြင့် သာတူနာအမျှ နေထိုင်ကြသည် ကောင်းတူဆိုးဖက် စိတ်မကွက်ဘဲ တီးတိုးတိုင်ပင် ချစ်ခင်ရင်းနှီး စည်းလုံးပြီးလျှင် ခင်မင်ခြင်းသာ တိုးပွားလာ၍ စိတ်ဝယ်တသ မေ့မရပြီ ချစ်ခင်ရသော သူငယ်ချင်းများ….. zero

ခြေရာမဲ့အလွမ်း

ခြားနားနေတဲ့ ကမ္ဘာမြေကြီး မတူညီတဲ့ အချိန်နာရီ လမ်းပျောက်နေတဲ့ ရင်ခုန်သံတွေနဲ့ အဖော်မပါတော့တဲ့ ငါ့ခြေလှမ်းတွေက မင်းရှိရာကို လှမ်းလာချင်နေလည်း ကံဇာတ်ဆရာ အလိုအတိုင်း အလွမ်းတွေနဲ့ပဲ လှမ်းလာခက်ခဲလို့ ခြေရာတွေ မဲ့နေဆဲပါ…. zero

နွေ

နွေ...အညှာတာအစာနာကင်း ညှာတာခြင်းအလျဉ်းမရှိသလေ လောကသနင်းအကြွင်းမဲ့ တန်ခိုး အခိုးခိုးအလျှံလျှံ....နွေ...နွေ သစ်ရွက်များမှာ...နွေ မြူမှုန်ထဲမှာ..နွေ သခင့် မျက်လွှာပေါ်မှာ..နွေ ပန်းကြွေညည်းသံထဲမှာ..နွေ စမ်းရေစီးသံထဲမှာ..နွေ အစဉ်အမြဲရှာဖွေ ရင်ထဲမှာ..................နွေ

လွဲလွဲလေးပဲကောင်းပါတယ်

ကမ္ဘာပေါ်မှာ အလွဲပေါင်းသောင်းခြောက်ထောင်ဖြစ်နေတဲ့ကြားက (အင်း------အဲဒီထက်တော့မကနှိင်ဘူးထင်တယ်) အချစ်တစ်ခုကိုရှာဖွေနှိင်တဲ့ သူအတွက်ကတော့ (ဟိုသီချင်းလိုပဲ) လွဲလွဲလေးပဲကောင်းပါတယ်ပေါ့နော် ***အမှန်တရား***

ချစ်လို့ပါကွာ

သိုးဆောင်းစကားပုံတစ်ခုရှိတယ် *စနောက်ခြင်းမှာ ရင်ထဲကအမှန်တရားတစ်ဝက်ပါတယ်* ငါကတော့နင့်ကို ၁၅၀၀အပြည့်နဲ့ကိုစတာပါကောင်မလေးရယ် ဒါကိုနင်ကမသိတော့လည်း အင်း---------------------------- ခက်တော့ခက်နေပါပြီ ***အမှန်တရား***

အချစ်ပန်း

အချစ်ဆိုတာလွယ်လွယ်ပွင့်တဲ့ပန်းတစ်ပွင့် မဟုတ်ပေမယ့် လူသားတိုင်းရဲ့ရင်ထဲမှာတော့ တစ်ချိန်မဟုတ်တစ်ချိန် ပွင့်တတ်ကြတာပဲလေ ဒါပေမယ့် မဟုတ်ကဟုတ်ကပန်းတွေ မပွင့်ဖို့တော့လိုသေးတာပေါ့ ဟုတ်ဘူးလား **အမှန်တရား**

လက်ဆောင်

အတူလက်တွဲခဲ့တဲ့ငါတို့လက်တွေ မ နွေးထွေးခင် မှာပင်******** ကံကြမ္မာရဲ့ရက်စက်တဲ့ကြမ်းတမ်းမှု့ကြောင့် တစ်ကမ္ဘာစီခြားခဲ့ရပြီ~~~~~~~ ငါ့ရဲ့ကမ္ဘာပျက်စီးသွားတဲ့နောက်ကွယ်မှာ လောင်မြိုက်ခြင်းမရှိစွာနဲ့ ငါမ နေနှိင် ခဲ့ပြီ ဒါပေမယ့်.........မင်းက တော့ပြုံးနှိင် ဆဲပဲ သာယာပါစေချစ်သူ............... ပြန်ခြင်းမရှိတဲ့ငါ့ရဲ့အနတ္တဘဝမှာ မင်းနဲ့ငါပျက်သွားတာက နောက်ဆုံးဘုရားပေးတဲ့ လက်ဆောင် အဖြစ်နဲ့ပဲငါ့ရင် ထဲမှာသော့ခတ်သိမ်း ဆည်းလိုက်ပြီကွာ~~~~~~~~~~~~~~~~