Skip to main content

အိန္ဒိယကိုတည်ထောင်သူ ဖခင်ကြီးနဲ့ ငြိမ်းချမ်းရေးအားပေးမြှင့်တင်သူ ဂန္ဒီ

အိန္ဒိယကိုတည်ထောင်သူ ဖခင်ကြီးနဲ့ ငြိမ်းချမ်းရေးအားပေးမြှင့်တင်သူ ဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံတလွှားက ကျောင်းသားလေးတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ မဟတ္တမဂန္ဒီလို ဝတ်စားဆင်ယင်ခဲ့ကြပါတယ်။ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ရာ့ဂ်ျကုဒ်မြို့မှာ ကျောင်းသား အယောက် ၁၅၀ ဟာ ဂန္ဒီကိုအတုခိုးပြီး ရိုးရာဝတ်စုံနဲ့ မျက်မှန်ဦးထုပ်တို့ကို ဝတ်ဆင်ရင်း အိန္ဒိယနိုင်ငံမြေပုံကို လူတွေနဲ့ စုပြီးပုံဖော်ခဲ့ကြပါတယ်။ နိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့က ကျောင်းဝင်းထဲမှာလည်း ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ ဂန္ဒီလိုဝတ်ဆင်ရင်း ယောဂကျင့်ခဲ့ကြတာပါ။ အောက်တိုဘာ ၂ ရက်နေ့ဟာ အိန္ဒိယနိုင်ငံမှာ ဂန္ဒီနေ့လို့ သတ်မှတ်ရုံသာမကဘဲ ဂန္ဒီရဲ့ ဘဝတလျှောက်လုံး ကျင့်သုံးတိုက်ပွဲဝင်ခဲ့တဲ့ စံနမူနာပြ အတွေးအခေါ်လည်းဖြစ်လို့ သူ့မွေးနေ့ကို နိုင်ငံတကာ အကြမ်းမဖက်ခြင်းနေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ကို ကျင်းပမယ်လို့ အိန္ဒိယယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

Comments

Other news

Zapya တို့ Flash တို့ လိုမျိုး Any Share ဆို တဲ့ Data Transfer လုပ်တဲ့ APK လေးပါ။

ကျွန်တော် လိုင်းပေါ်မှာ ဟိုရှာဒီရှာနဲ Any Share ဆိုတဲ့ Software လေးကိုတွေ့တာနဲ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ software အသစ် တွေစမ်းသုံးချင်သာမိတ်ဆွေများအတွက်ပေါ့ဗျာ။ ကျွန်တော်ထင်တာတော့ Andriod 4.0 အထက်ဆိုပိုအဆင်ပြေမှာပါ။ Any Share APK Download အဆင်ပြေပါစေ.. solidfiles

ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် (ဒုတိယအကျော့) -----------------------

ဘေယန်မြူးနစ် ၀ - ၄ ရီးရဲလ်မက်ဒရစ် (နှစ်ကျော့ပေါင်းရလဒ် ၀ - ၅)      ~Ramos 16' ~Ramos 20' ~Ronaldo 34' ~Ronaldo 90' ကာရံမဲ့အလွမ်း(ဘိုက​လေးသား)

ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော် ================

ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော် ================ တနေ့ ယွန်းပြည်မှ(ယခုယိုးဒယား ထဲတွင်ရှိသော မယ်ဆိုင်တစ်ဝိုက်) စစ်ထဲ တွင် ရဲရဲတောက် တိုက်နိုင်သော ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတ...