Skip to main content

ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော် ================

ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော်
================
တနေ့ ယွန်းပြည်မှ(ယခုယိုးဒယား ထဲတွင်ရှိသော မယ်ဆိုင်တစ်ဝိုက်) စစ်ထဲ တွင် ရဲရဲတောက် တိုက်နိုင်သော ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတစ်ကောင်ကို
ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။

အဲတာ ဆင်ဝန်တွေ လည်း ဆင်ဖြူတော် အင်္ဂါပါမပါ စစ်ဆေးလေသော် တစ်ခုမှ မတွေ့သဖြင့် အခက်တွေ့နေကြ၏။ နောက်နံနက်ဆိုလျှင် ဘုရင်ထံ လျှောက်တင် ရတော့မည်။ ဆင်ဝန်တို့လည်း ဆောက်တည်ရာမရပဲ ဦးပေါ်ဦးထံ အပြေးအလွှား သွားပြီး အကူအညီ တောင်းရလေသည်။

ဦးပေါ်ဦး လည်း ” စိတ်မပူလေနှင့် နံနက် ဘုရင် မရောက်ခင် အမှီကျူပ်လာခဲ့မည်” လို့ ပြောထား ခဲ့သည်။ နောက် နံနက်ရောက်တော့ ဘုရင်က ထုံးစံအတိုင်း သူ့ဘုန်တန်ခိုးအရ ပေါ်သော ဆင်ဖြူကို လာရူစားတော့သည်။ ဦးပေါ်ဦးက ဘေးမှာ ခစားနေတော့ ဘုရင်က ရိပ်မိပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်း ဆင်ဝန်ကို ဆင်ဖြူတော် အင်္ဂါပါလား မေးပါတယ်။ ဆင်ဝန်ကလည်း တိတ်နေတော့ ဘုရင်က ပေါ်ဦး မင်းလျှောက်တင်စမ်း ဆိုတော့။ ပေါ်ဦးက ဆင်မည်းကို သေချာ လှည့်ပတ်ကြည့်ဟန်ပြုပြီး ဘုရင်ကို
” မှန်လှပါ... ဆင် အမျိုးမှာ ကာဠ၀ကဆင်၊ ဂင်္ဂေယျဆင်၊ပဏ္ဍရဆင်၊ ဥပေါသထဆင်၊ ဟေမဆင်၊ ဆန္ဒန်ဆင် ဆိုပြီး အမျိုးအမျိုးရှိရာ ယခု လက်ရှိ ဆင်ကြီးမှာ ဘုန်းတော်ကြောင့် ဟေမဆင်မျိုး ဖြစ်ကြောင်းပါ ၊ ဟေမ ဆင်မျိုးမှာ နောက်နှစ်ပေါင်း ၆၀ ကျော်လျှင် ဖွေးဖွေးဖြူလာကြောင်းပါ” ဟု လျှောက် တင်လေသည်ကို ဘုရင်က ပြုံးပြီး ထိုက်သော ဆုတွေ ချပြီး အတွင်းတော်သို့ ၀င်လေ၏။

(ဘုရင်ကဆင်မည်းမှန်း မသိတာ မဟုတ်ပါဘူး သူလည်း သိပါတယ်၊ဘုရင်ဆိုတော့ ဘုန်းတော်ကြီးလို့ ပြောမှ သဘောကျတာပါ။ တကယ်လို့ ဘုရင်ဘေးက အမတ်တချို့က ယွန်းပြည်က ဆင်မည်းကို ဆင်ဖြူ ဖြစ်ကြောင်း ညာပြီး ဆက်သတယ်လို့ ဘုရင်ကို ချွန်ရင် ယွန်းပြည်နဲ့ စစ်ဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့် ဦးပေါ်ဦးက လိမ္မာပါးနပ်စွာ လျှောက်တော့ ဘုရင်လည်း သဘောကျ၊ ကျန်တဲ့ လူတွေလည်း ချမ်းသာရတော့တာပါ။ )

သုတစွယ်စုံကျမ်း


ကာရံမဲ့အလွမ်း(ဘိုက​လေးသား)

Comments

Other news

18+only-apk

ကျ​နော်​ဖန်​တီးထားတဲ့apk​လေးပါ ​ဘော်​​ဘော်​​တွေအတွက်​ လိုအပ်​ရင်​ <<<  BOX   >>> <<< Googledocs  >>> မှာယူနှိင်​ပါတယ်​ဗျာ ကာရံမဲ့အလွမ်း(ဘိုက​လေးသား)

Cryptocurrency

cryptocurrency ˈkrɪptəʊˌkʌr(ə)nsi/ noun noun:  cryptocurrency ; plural noun:  cryptocurrencies ; noun:  crypto-currency ; plural noun:  crypto- currencies a digital currency in which encryption techniques are used to regulate the generation of units of currency and verify the transfer of funds, operating independently of a central bank. "decentralized cryptocurrencies such as bitcoin now provide an outlet for personal wealth that is beyond restriction and confiscation" Origin early 21st century: from crypto- + currency.