အလို ဆန္ဒ ပြင်းပြသူတိုင်းအတွက် မရရှိနှိင်သောအရာဟူသည်မရှိ။ အလို ဆန္ဒ ပြင်းပြသူ ဆိုသည်မှာ မိမိအလို ဆန္ဒ အတွက်အသက်ကိုစွန့်ဝံ့သူမျိုးကို ဆိုလိုသည်။တော်တန်ရုံ အလို ဆန္ဒ ရှိရုံနဲ့ ခက်ခဲသောကိစ္စ အဖိုးတန်သောအရာတို့ကို ရယူပြီးမြောက်နှိင်မည်မဟုတ်ပါ။လူတိုင်းလိုလို လိုချင် ဆန္ဒ ရှိတတ်စမြဲ ဖြစ်ပါသည်။တစ်ချို့ကလိုချင်စိတ်သာရှိပြီး ပြင်းပြင်း ပြပြနှင့်ကြိုးစားအားထုတ်ချင်စိတ်မရှိပေ။အခွင့်ရေးရရင် လိုချင်၏။အခွင့်ရေးကို မျော်လင့်တောင့်တစောင့်စားနေတော့၏။ထိုအခွင်းအရေမျိုး ဖြစ်ပေါ်လာအောင် ဖန်တီးကြိုးစားရမှန်းမသိ။ထို့ကြောင့် လူ့လောကကြီးမှ ထွက်ခွါသွားသည်အထိ သူလိုချင်တာမရ ၊ သူ့ဖြစ်ချင်သည့် ဘ၀မျိုး ဖြစ်မသွားရရှာပေ။တစ်ချို့က ကိုယ်ဖြစ်ချင်တာ၊ကိုယ်လိုချင်တာကို၊ ပြတ်ပြတ်သားသား ရည်မှန်းချက် ထား၏။မဖြစ်မနေအားထုတ်ကြိုးစား၏။မိမိအလို ဆန္ဒ အတွက်စွန့်လွတ် အနစ်နာခံကြိုးစား၏။နောက်ဆုံးတွင် သူလိုချင်တာရပြီး သူဖြစ်ချင်တာဖြစ်သွားတတ်၏။အောင်မြင်မူ့သည် ထိုသူအတွက် ဖြစ်သွား၏။
**
ကာရံမဲ့အလွမ်း(ဘိုကလေးသား )
**
ကာရံမဲ့အလွမ်း(ဘိုကလေးသား )
posted from Bloggeroid
Comments